back

ပူတာအိုမြို့လယ်မှာ လောင်းကစားဝိုင်းဖွင့်လှစ်

Apr 07 • 1:14 PM

breaking-news

မြန်မာ

ကချင်

cover

ပူတာအိုမြို့လယ်မှာ လောင်းကစားဝိုင်းဖွင့်လှစ်

ကချင်ပြည်နယ် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်မှာရှိတဲ့ ”ရွှေတောင်”ဂိုဒေါင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလစပြီး ခြောက်ကောက်ဂျင်၊ ငါးပစ်ဂိမ်း၊ရှမ်းကိုးမီးနဲ့စတဲ့ လောင်းကစာ...

ကချင်ပြည်နယ် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်မှာရှိတဲ့ ”ရွှေတောင်”ဂိုဒေါင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလစပြီး ခြောက်ကောက်ဂျင်၊ ငါးပစ်ဂိမ်း၊ရှမ်းကိုးမီးနဲ့စတဲ့ လောင်းကစားဝိုင်းတွေဖွင့်လှစ်ထားတယ်လို့သိရပြီးအဲ့ဒီလောင်းကစားဝိုင်းဟာ လေယာဥ်ကွင်းရပ်ကွက်နဲ့ ကောင်ကထောင်ရပ်ကွက်ကြား မြို့လယ်ခေါင်ကျတဲ့ လုံးစွတ်ရပ်ကွက်ထဲမှာဖြစ်ပြီး မြို့ရဲ့မိန်းလမ်းမကြီးနဲ့ ကိုက် ၁,၀၀၀ ကျော်လောက်ဝေးတဲ့နေရာမှာဖွင့်လှစ်ထားတာလို့သိရပါတယ်။မြို့ခံတွေပြောပြချက်အရ အဲ့ဒီလောင်းကစားဝိုင်းဟာ မနက် ၉ နာရီကနေ ညဘက် ၁၁ ရီအထိ၊ တစ်ခါတရံမနက်ပိုင်းအထိဖွင့်တယ်လို့သိရပါတယ်။ငါးပစ်ဂိမ်း၊ ကာစီနို၊ ဂျင်ဝိုင်း အစရှိတဲ့ လောင်းကစားရုံတွေဟာ ကချင်ပြည် နယ်ရှိ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ရွှေကူအစရှိတဲ့ မြို့ကြီးတွေမှာ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာနေတဲ့အတွက် တစ်ဖက်မှာဒေသတွင်း ခိုးဆိုးလုယက်မှု ပိုမိုဆိုးရွားလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။


news-view-count-icon

13