back

" ငလျင်ဘေးသင့် " ပြည်သူများအတွက်Tattoo Artist များ၏ အလှူ

Apr 07 • 1:00 PM

breaking-news

မြန်မာ

ရန်ကုန်

cover

" ငလျင်ဘေးသင့် " ပြည်သူများအတွက်Tattoo Artist များ၏ အလှူ

Tattoo Artist 'ကိုဂွမ်း' ဦးဆောင်ဦးရွက်ပြုပြီး ငလျင်ဘေးသင့်ပြည်သူများအတွက်ရည်စူးလှူဒါန်းမယ့် ရံပုံငွေအလှူပွဲတစ်ခုကို ကန်သာယာ ရှော့ပင်းစင်တာမှာ ဧပြီလ (၇) ရက်နေ့ မ...

Tattoo Artist 'ကိုဂွမ်း' ဦးဆောင်ဦးရွက်ပြုပြီး ငလျင်ဘေးသင့်ပြည်သူများအတွက်ရည်စူးလှူဒါန်းမယ့် ရံပုံငွေအလှူပွဲတစ်ခုကို ကန်သာယာ ရှော့ပင်းစင်တာမှာ ဧပြီလ (၇) ရက်နေ့ မနက် (၉) နာရီကနေ ည (၈)နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါ ရံပုံငွေပွဲမှာ Tattoo Artist အယောက်(၄၀) ကျော်က ရေးဆွဲပေးနေပြီး Tattoo ‌ထိုးချင်သူတွေအတွက် Tattoo ရေးဆွဲခကို (၅၀% ) သာ ပေးရမှာ ဖြစ်ပါတယ်။အလှူလည်းပြုရ ၊ Tattoo လည်းပိုင်ဆိုင်ခွင့်ရမယ့် အမှတ်တရပွဲလည်း ဖြစ်ပါတယ်။ဒီရံပုံငွေပွဲကို ဧပြီလ (၈) ရက်နေ့ထိ (၂) ရက်တာကျင်းပသွားမှာဖြစ်ပြီး ရရှိလာတဲ့ အနုပညာကြေး အားလုံး (၁၀၀ %) ကို ငလျင်ဘေးသင့်ပြည်သူများအတွက် ထိထိရောက်ရောက် လှူဒါန်းသွားမယ်လိုလည်း သိရပါတယ်။



news-view-count-icon

13