back

ရိုးမားအသင်းနဲ့ သတင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပြန်တဲ့ အဲရစ် တန်ဟက်ဂ်

Apr 07 • 9:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရိုးမားအသင်းနဲ့ သတင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပြန်တဲ့ အဲရစ် တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက်နဲ့ အေဂျက်စ်အသင်းတို့ရဲ့ နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ဟာ ရိုးမားအသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ အီတလီ စီးရီးအေပွဲစဉ်ကို လာရောက် ကြည့်ရှုခဲ့ရ...

မန်ချက်စတာ ယူနိုက်တက်နဲ့ အေဂျက်စ်အသင်းတို့ရဲ့ 

နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ဟာ ရိုးမားအသင်း

နဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ အီတလီ စီးရီးအေပွဲစဉ်

ကို လာရောက် ကြည့်ရှုခဲ့ရင်း ရိုးမားနည်းပြရာထူး

အတွက် ကောလဟာလ သတင်းတွေ တဖန် ပြန်လည်

ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အေဂျက်စ်အသင်းမှာ အောင်မြင်မှုတွေ ရယူခဲ့ပြီး မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးရာသီမှာ လိဂ်ဖလားနဲ့ နောက်တစ်ရာသီမှာ အက်ဖ်အေဖလားကို ရယူခဲ့ပေမယ့် တတိယရာသီရဲ့ ရာသီဝက် မတိုင်ခင်မှာပဲ အသင်း

နဲ့ လက်တွဲဖြုတ်ခဲ့ရပါတယ်။အခုတော့ တန်ဟက်ဂ်က ရိုးမားနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ စီးရီးအေပွဲစဉ်ကို တက်ရောက် ကြည့်ရှုခဲ့သလို ရိုးမားအသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ဖရီဒ်ကင်မိသားစုရဲ့ ဧည့်သည်တော်အဖြစ် ပွဲကို လာရောက်ခဲ့တာ ဖြစ်တာကြောင့် တန်ဟက်ဂ်ဟာ နွေရာသီမှာ ရိုး

မားအသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူဖို့ စီစဉ်

ထားခြင်းခံရတယ်ဆိုတဲ့ သတင်းတွေကို ပိုမို

အားကောင်းလာစေပါတယ်။



news-view-count-icon

20