ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ မြို့တော်ဝန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိလမ်းလျှောက်သင်္ကြန်တို့အား ဖျက်သိမ်းလိုက်ကြောင်း သိရသည်။“မနေ့ကစပြီး ဖျက်တာ။ လမ်းလျှောက်သင်္ကြန်နဲ့ မြို့တော်ဝန်မဏ္ဍပ် ဘာမှမထားပါဘူး။ အကုန်လုံး ဖျက်သိမ်းလိုက်ပါပြီ။ ဖျော်ဖြေရေးအစီအစဉ်တွေ မပါတော့ဘူး။ ရေလောင်းတာလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်လောင်းလို့ရတယ်။ ကျွန်တော်တို့ကတော့ ဘာမှမစီစဉ်ပါဘူး။ လမ်းလျှောက်သင်္ကြန်လည်း မရှိတော့ဘူး။ အပြင် Public ကို မရှိတော့ဘူး။ ရင်ပြင်မှာတော့ အတည်မပြုနိုင်သေးဘူး။ အလုံလမ်းမှာတော့ မဏ္ဍပ်အသေးလေးတွေ ဆောက်ထားတယ်။ အဲ့ဒါတွေကတော့ ဒီနေ့အထိ မဖျက်သေးဘူး။ အဲ့ဒါတွေက ဆက်ထားမလား မထားဘူးလားဆိုတာ မသိသေးဘူး” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



