မြန်မာ့ငလျင်ဘေး လာရောက်ကူညီသည့် စင်ကာပူကယ်ဆယ်ရေးအဖွဲ့ Singapore Civil Defence Force သည် မြန်မာနိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံး၍ စင်ကာပူနိုင်ငံသို့ ပြန်လည် မထွက်ခွာမီ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ကယ်ဆယ်ရေးအဖွဲ့အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများ လက်ခံခဲ့ကြောင်းသိရသည်။



