back

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအကြောင်း မစဉ်းစားသေးဟု ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် ဆို

Apr 07 • 8:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအကြောင်း မစဉ်းစားသေးဟု ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် ဆို

၂၀၂၄-၂၀၂၅ ရာသီ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲသို့ El Clásico ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်း တက်ရောက်လာခဲ့ပြီး ဗိုလ်လုပွဲ၌ ၎င်းတို့နှစ်သင်း ခုနစ်ကြိမ်မ...

၂၀၂၄-၂၀၂၅ ရာသီ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲသို့ El Clásico ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်း တက်ရောက်လာခဲ့ပြီး ဗိုလ်လုပွဲ၌ ၎င်းတို့နှစ်သင်း ခုနစ်ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။ ဧပြီ ၁၊ ၂ ရက်တွင် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် များ ယှဉ်ပြိုင်ကစားခဲ့ပြီး ရီးယဲလ်အသင်းက ဆိုစီဒက်အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၅-၄) ဂိုး၊ ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းကို နှစ်ကျော့ပေါင်းရလဒ် (၅-၄) ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတက်ရောက်လာသည့် နှစ်သင်းအနက် ဘာစီလိုနာအသင်းက အကြိမ်အများဆုံးအဖြစ် (၄၃) ကြိမ်မြောက်နှင့် ရီးယဲလ်အသင်းက ဒုတိယအများဆုံးအဖြစ် (၄၁) ကြိမ်မြောက် တက်ရောက်နိုင်ခြင်းဖြစ်သည်။ ထို့ပြင် ဗိုလ်လုပွဲတွင် El Clásico ပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းမှာ ခုနစ်ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ရာသီနောက်ပိုင်း (၁၁) နှစ်အကြာတွင် တစ်ကျော့ပြန် တွေ့ဆုံခြင်းဖြစ်သည်။ 


news-view-count-icon

18