back

အမေရိကတွင် မုန်တိုင်းနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ ၁၇ ဦး ရှိလာ

Apr 07 • 8:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကတွင် မုန်တိုင်းနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ ၁၇ ဦး ရှိလာ

အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းတွင် ပြင်းထန်သော မုန်တိုင်းများဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ...

အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းတွင် ပြင်းထန်သော မုန်တိုင်းများဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး ရုတ်တရက် ရေလွှမ်းမိုးမှု ဆိုးရွားစွာဖြစ်နိုင်သည်ဟု နိုင်ငံတော်မိုးလေဝသဌာနက သတိပေးခဲ့သည်။ ကန်တပ်ကီ၊ တင်နက်စီနှင့် အလာဘားမားပြည်နယ်တို့တွင် ရေလွှမ်းမှု သတိပေးချက်သည် အသက်ဝင်နေဆဲဖြစ်သည်ဟု မိုးလေဝသခန့်မှန်းသူများက ပြောဆိုသည်။ တင်နက်စီပြည်နယ်သည် သဘာဝဘေးဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရပြီး ပြည်နယ်အနောက်ပိုင်းတွင် သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့သည်။ ကန်တပ်ကီ၊ မစ်ဆူရီပြည်နယ်များတွင် နှစ်ဦးစီသေဆုံးခဲ့ပြီး အာကန်‌ဆော၊ အင်ဒီယားနားနှင့် မစ္စစ္စပီပြည်နယ်များတွင် တစ်ဦးစီ သေဆုံးခဲ့ကာ သေဆုံးဦးရေ ထပ်မြင့်တက်နိုင်သေးသည်ဟု ဆိုသည်။ ကန်တပ်ကီပြည်နယ် ဂျက်ဖာဆင်တောင်းတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံများ ပျက်စီးခဲ့သည်ဟု အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောဆိုသည်။



news-view-count-icon

19