back

မန်ချက်စတာဒါဘီ သရေပွဲအပြီး အသင်းက နေရာတိုင်းမှာ တိုးတက်ဖို့ လိုအပ်နေကြောင်း အမော်ရင် ဝန်ခံ

Apr 07 • 8:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ချက်စတာဒါဘီ သရေပွဲအပြီး အသင်းက နေရာတိုင်းမှာ တိုးတက်ဖို့ လိုအပ်နေကြောင်း အမော်ရင် ဝန်ခံ

မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်က သူ့အနေနဲ့ ယူနိုက်တက်အသင်းကို ပိုမို တိုးတက်လာအာင် အလျင်စလို လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့ပေမယ့် အသင်းရဲ့ လက်ရ...

မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် 

အမော်ရင်က သူ့အနေနဲ့ ယူနိုက်တက်အသင်းကို ပိုမို 

တိုးတက်လာအာင် အလျင်စလို လုပ်ဆောင်လို

ကြောင်း ပြောကြားခဲ့ပေမယ့် အသင်းရဲ့ လက်ရှိ 

အခြေအနေကိုလည်း သူ နားလည်ကြောင်း ရှင်းလင်း 

ပြောကြားသွားခဲ့ပါတယ်။တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်

ဟာ မန်စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ပရီးမီးယားလိဂ်

က အကောင်းဆုံး အသင်းတွေနဲ့ ဘယ်လောက်အထိ 

ဝေးကွာနေတယ်ဆိုတာကို ထင်ရှားစွာ ပြသခဲ့ပါ

တယ်။ အမော်ရင်က ယူနိုက်တက်ဟာ မကြာခင် ထိပ်

ဆုံးအဆင့်ကို ပြန်ရောက်ဖို့ လိုအပ်ကြောင်း သိရှိပေမ

ယ့် သူဟာ အရူးမဟုတ်ဘဲ သူတို့ရဲ့ လက်ရှိ

အခြေအနေရဲ့ အမှန်တရားကို နားလည်ကြောင်း 

ပြောပါတယ်။


news-view-count-icon

21