အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့ (၃၆)လမ်း၊ (၇၉x၈၀) လမ်းကြားရှိ TULIP တည်းခိုခန်း အဆောက်အဦ ပြိုကျပျက်ခဲ့ပြီး ထဲတွင် ပိတ်မိနေသူများ ရှိနေသဖြင့် မြန်မာမီးသတ်တပ်ဖွဲ့၊ ရုရှားနိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် တာဝန်ရှိဌာနများ ပူးပေါင်း၍ ဧပြီ ၇ ရက်နေ့တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ပိတ်မိနေသူများ၏ အသက်ဘေးကင်းရန် မျှော်လင့်ချက်များရှိနေဆဲဖြစ်ပြီး၊ မြေညှင်းခြင်း၊ ပိတ်မိခြင်းများကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်နှုန်းဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။



