မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ Sky Villa ဟိုတယ် အဆောက်အအုံအတွင်းမှာ သေဆုံးနေသည့် အမျိုးသမီး ရုပ်အလောင်းငါးလောင်းကို ယနေ့ (ဧပြီလ ၇ ရက်) တွင် ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံမှ Blue Sky Rescue အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကယ်ဆယ်ရေးလုပ်လျက်ရှိပြီး သေဆုံးသူရုပ်အလောင်းတွေ ထပ်တိုးလာနိုင်သေးတယ်လို့ သိရပါတယ်။



