တောင်ကိုရီးယားလွှတ်တော်ဥက္ကဋ္ဌ ဝူဝမ်ရှစ်က သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာများကို လျှော့ချရန်အတွက် အခြေခံဥပဒေကို ပြင်ဆင်ရန် ဧပြီ ၆ ရက်က အဆိုပြုခဲ့သည်။ အခြေခံဥပဒေဆိုင်ရာတရားရုံးက စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခဲ့မှုကြောင့် စွပ်စွဲပြစ်တင်ခံခဲ့ရသည့် သမ္မတယွန်းဆော့ထယိုကို ရာထူးမှဖယ်ရှားပြီးနောက် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို လျှော့ချမည့် အစီအစဉ်အား ပြည်သူလူထုက ထောက်ခံကြောင်း ဝူက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ အခြေခံဥပဒေကို လျင်မြန်စွာ ပြင်ဆင်သင့်တယ်ဆိုတာကို ပြညသူတွေကို ကျွန်တော် ပြောကြားလိုပါတယ်။ အရင်သမ္မတရဲ့ အခြေခံဥပဒေနဲ့မညီတဲ့ တရားမဝင် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှု ကြောင့် ပြည်သူတွေဟာ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ဆန္ဒရှိလာခဲ့ကြပါတယ်”ဟု ဝူက ပြောကြားခဲ့သည်။



