back

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များအား ပြန်လည်ပြေးဆွဲ

Apr 07 • 7:16 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များအား ပြန်လည်ပြေးဆွဲ

ငလျင်ကြောင့် ရပ်နားထားသည့် နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များကို မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း MNA လေကြောင်းလိုင်းမှ ထုတ်ပြန...

ငလျင်ကြောင့် ရပ်နားထားသည့် နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များကို မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း MNA လေကြောင်းလိုင်းမှ ထုတ်ပြန်ထားသည်။မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် သဘာဝငလျင် ဘေးဒဏ်ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသော မန္တလေး ခရီးစဉ်များကို ဧပြီလ (၄)ရက်နှင့် နေပြည်တော် ခရီးစဉ်များကို ဧပြီလ (၇) ရက်များမှ စတင်၍ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး (၇.၇) အဆင့်ရှိ အင်အား ပြင်းငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။အင်အားပြင်း ငလျင်ကြောင့် မန္တလေးလေဆိပ် အဆောက်အအုံအတွင်းပိုင်းရှိ မျက်နှာကျက်များ ပြိုကျခြင်း၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သလို နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း ငလျင်ကြောင့် ထိခိုက်ဆုံး ရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။


news-view-count-icon

16