back

သံဖြူဇရပ်တွင် စက်သုံးဆီတင် ၂၂ ဘီးကား ခေါင်းပိုင်း မီးရှို့ဖျက်ဆီးခံရ

Apr 07 • 7:14 AM

breaking-news

မြန်မာ

မွန်

cover

သံဖြူဇရပ်တွင် စက်သုံးဆီတင် ၂၂ ဘီးကား ခေါင်းပိုင်း မီးရှို့ဖျက်ဆီးခံရ

သံဖြူဇရပ်မြို့နယ်၊ စွပ်ပလောင်းကျေးရွာအနီးရှိ သံဖြူဇရပ်-ရေးကားလမ်းတွင် စက်သုံးဆီတင် ၂၂ ဘီးတွဲကားတစ်စီး ခေါင်းပိုင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ဧပြီ ၅ ရက် နံနက်က ၉...

သံဖြူဇရပ်မြို့နယ်၊ စွပ်ပလောင်းကျေးရွာအနီးရှိ သံဖြူဇရပ်-ရေးကားလမ်းတွင် စက်သုံးဆီတင် ၂၂ ဘီးတွဲကားတစ်စီး ခေါင်းပိုင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ဧပြီ ၅ ရက် နံနက်က ၉D/4354 အမှတ်ရှိ ယာဉ်အား အဖွဲ့တစ်ဖွဲ့က ရပ်တန့်ခိုင်းကာ ဆက်ကြေးငွေ ကျပ်သိန်း ၂၀၀ တောင်းခံခဲ့ပြီး၊ မွန်းတည့် ၁၂ နာရီအချိန်တွင် ကားသမားမှ မပေးနိုင်သဖြင့် နောက်တွဲယာဉ်ကို ဖြုတ်ချ၍ ခေါင်းပိုင်းအား မီးရှို့ဖျက်ဆီးကာ ဆီတင်ယာဉ်ကို သိမ်းယူသွားခဲ့သည်။


news-view-count-icon

15