back

ဗလီ ၇ လုံးပျက်စီးပြီး လူ ၃၁၅ ဦး သေဆုံးသည့် မန္တလေး၊ ဘုံးအိုးကျေးရွာနှင့် စစ်ကိုင်း၊ မင်းလမ်းရပ်ကွက်မှ ဒေသခံများအတွက် ဧရာဝတီဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၂၅၀၀ ထောက်ပံ့ကူညီ

Apr 07 • 5:39 AM

breaking-news

မြန်မာ

မန္တလေး

cover

ဗလီ ၇ လုံးပျက်စီးပြီး လူ ၃၁၅ ဦး သေဆုံးသည့် မန္တလေး၊ ဘုံးအိုးကျေးရွာနှင့် စစ်ကိုင်း၊ မင်းလမ်းရပ်ကွက်မှ ဒေသခံများအတွက် ဧရာဝတီဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၂၅၀၀ ထောက်ပံ့ကူညီ

ငလျင်ဒဏ်ကြောင့် လူဦးရေအများအပြား သေကြေပျက်စီးခဲ့သည့် မန္တလေးမြို့မှ ဘုံးအိုးကျေးရွာနှင့် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်မှ ကျန်ရစ်သူ မိသားစုများထံသို့ ဧရာဝတီဖော...

ငလျင်ဒဏ်ကြောင့် လူဦးရေအများအပြား သေကြေပျက်စီးခဲ့သည့် မန္တလေးမြို့မှ ဘုံးအိုးကျေးရွာနှင့် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်မှ ကျန်ရစ်သူ မိသားစုများထံသို့ ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများ သွားရောက်နှစ်သိမ့်အားပေး၍ ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ကူညီမှုများအဖြစ် ငလျင်ဒဏ်ကြောင့် ဗလီ(၄)လုံး၊ အိမ်ခြေ (၁၀၀)ခန့် ပျက်စီးခဲ့သည့် မန္တလေး ဘုံးအိုးကျေးရွာမှ သေဆုံးသူ (၁၃၉)ဦး၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ပြင်းထန်ဒဏ်ရာရရှိသူ (၁၀၀)အတွက် တစ်ဦးလျင် (၅)သိန်းကျပ်စီ၊ အိမ်ခြေပျက်စီးဆုံးရှုံးသူများအတွက် စာနာထောက်ပံ့ငွေများနှင့်အတူ ဆန်၊ စားနပ်ရိက္ခာခြောက်၊ ရေသန့်၊ စုစုပေါင်း ငွေကျပ် သိန်း (၁၅၀၀)ကို ဧရာဝတီဖောင်ဒေးရှင်းက သွားရောက်ထောက်ပံ့ ကူညီလှူဒါန်းခဲ့ပါသည်။


news-view-count-icon

21