back

Nintendo သည် ၎င်း၏ ကွန်ဆိုးလ်အသစ် Switch 2 ကို ဇွန်လ ၅ ရက်နေ့တွင် စတင်ရောင်းချရန် ပြင်ဆင်

Apr 07 • 4:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

Nintendo သည် ၎င်း၏ ကွန်ဆိုးလ်အသစ် Switch 2 ကို ဇွန်လ ၅ ရက်နေ့တွင် စတင်ရောင်းချရန် ပြင်ဆင်

Nintendo သည် ၎င်း၏ ကွန်ဆိုးလ်အသစ် Switch 2 ကို ဇွန်လ ၅ ရက်နေ့တွင် စတင်ရောင်းချရန် ပြင်ဆင်နေပြီဖြစ်ပြီး ဈေးနှုန်းမဟာဗျူဟာအသစ်ကို ကျင့်သုံးမည်။အမြတ်ကြီးစားများက S...

Nintendo သည် ၎င်း၏ ကွန်ဆိုးလ်အသစ် Switch 2 ကို ဇွန်လ ၅ ရက်နေ့တွင် စတင်ရောင်းချရန် ပြင်ဆင်နေပြီဖြစ်ပြီး ဈေးနှုန်းမဟာဗျူဟာအသစ်ကို ကျင့်သုံးမည်။အမြတ်ကြီးစားများက Switch 2 ကို ဦးဦးဖျားဖျား ဝယ်ယူပြီး မတန်တဆ အမြတ်တင်ကာ အလုအယက်ဝယ်ကြသူများအား ရောင်းချပြီး အမြတ်ထုတ်ကြခြင်းကို ကာကွယ်တားဆီးနိုင်ရန် ဦးတည်ထားသည့် ဈေးနှုန်းမဟာဗျူဟာအသစ်ဖြစ်သည်။Nintendo Switch 2 လက်ကိုင်ဂိမ်းစက်အသစ်ကို ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်ရောင်းချမည်။ ဂျပန်ပြည်တွင်းဈေးကွက်အတွက် ဂျပန်ဗားရှင်းကို ရောင်းချမည်။ ဂျပန်ဘာသာစကားဖြင့် ထုတ်လုပ်သည့် ဂိမ်းများကိုသာ ကစားနိုင်မည့် ဗားရှင်းဖြစ်သည်။ကျန်ဗားရှင်းမှာ နိုင်ငံတကာဗားရှင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားနှင်တကွ အခြားဘာသာစကားအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည့်ဂိမ်းများကို ကစားနိုင်မည်။



news-view-count-icon

16