back

စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ အသိပေးထား

Apr 07 • 4:28 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ အသိပေးထား

ယနေ့ ဧပြီလ (၇) ရက် မြန်မာစံတော်ချိန် နံနက် (၇) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညျွန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည့် သတိပေးချက်အရ ငလျင်ဒဏ် အပြင်းအထန် ခံစား...

ယနေ့ ဧပြီလ (၇) ရက် မြန်မာစံတော်ချိန် နံနက် (၇) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညျွန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည့် သတိပေးချက်အရ ငလျင်ဒဏ် အပြင်းအထန် ခံစားနေရသည့် စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့် ပြည်နယ် အားလုံးတွင် မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း သိရသည်လက်ရှိ ဘင်္ဂလားပင်လယ်အော် အခြေအနေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ယနေ့ညနေအထိ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဝန်ကြီးဌာနမှ အသိပေးထားသည်။


news-view-count-icon

13