ကျန်းမာရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့နှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဧပြီလ(၃)ရက်နေ့က တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာသို့ ငလျင်ဘေးအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သောက်သုံးရေများတွင် ရေသန့်ဆေးပြားများခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။


