မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စုအလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ အိမ်ဆောက်ပစ္စည်းများအတွက် ငွေကြေးဆောင်ရွက်ပေးခြင်းနှင့် နွေနှမ်းမျိုးစေ့များ ပေးအပ်သည့် အခမ်းအနားကို မတ် ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပြည်သူများ၏ နေထိုင်မှု အခြေအနေ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဖော်ပြခဲ့သည်။



