နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများသို့ ဆန်၊ ဆီ၊ ဆားနှင့် အခြေခံစားသုံးကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဈေးကားများဖြင့် ရှစ်ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးနေသည်။ ၎င်းကဲ့သို့ အထောက်အပံ့ဖြင့် လတ်တလော ငလျင်ဒဏ်ခံနေရသည့်ပြည်သူများအတွက် စားဝတ်နေရေးပိုင်း စိတ်ပူစရာများ လျှော့ချနိုင်ရန် ရည်ရွယ်ထားသည်။



