အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်အတွင်း မြေငလျင်ဘေးသင့်ခဲ့သော ယင်းတော်ရွာမကျေးရွာရှိ ယင်းတော်မင်းဘုန်းတော်ကြီးကျောင်းတိုက်နှင့် ယင်းတော်မြို့မကျေးရွာရှိ ပတ္တမြားရွှေဂူဘုရားဝန်းအတွင်းရှိ ပြိုကျပျက်စီးသည့် အဆောက်အဦများအား ၆.၄.၂၀၂၅ ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်/နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီရွှေ့ပြောင်းခြင်း၊ ရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။



