ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငလျင်ဒဏ်သင့်ဒေသများအတွက် ဆေးဝါး၊ အသုံး အဆောင်နှင့် စားနပ်ရိက္ခာများကို ဧပြီ ၆ ရက်မွန်းလွဲပိုင်းက ရန်အောင်မြေရပ်ကွက်ရှိ တာ့ဟွာတရုတ်ဘုံ ကျောင်းတွင် ပို့ဆောင်လှူဒါန်းရာ ဘုံကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ၊ သီရိသုဓမ္မမဏိဇောတဓရ ဦးလှအေး(ခ) အားတီ စီမံထူးချွန်ဆု (ပထမအဆင့်)နှင့် ဂေါပကအဖွဲ့ဝင်များက ကြိုဆိုပို့ဆောင်ခဲ့ကြပါတယ်။ယခု ဆေးဝါး၊ အသုံးအဆောင်နှင့် စားနပ်ရိက္ခာများကို တာချီလိတ်တာ့ဟွာတရုတ်ဘုံကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးလှအေးနှင့် ဂေါပကအဖွဲ့ဝင်များဦးဆောင် မတည်လှူဒါန်းကာ မြို့သူမြို့သားများ ဝိုင်းဝန်းထည့်ဝင် လှူဒါန်းခဲ့ပြီး မော်တော်ယာဉ် တစ်စီးဖြင့် ဧပြီ ၆ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်း ဒေသကြီး ငလျင်ဒဏ်သင့်ဒေသများသို့ ဒုတိယအကြိမ် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။



