သစ်စျေးနှုန်းမြင့်တက်လာခြင်းနှင့် သစ်ကောင်းရှားပါးလာကြောင်း အိမ်ဆောက်ရန် သစ်ရှာနေသူများထံမှ သိရသည်။ ယခုနောက်ပိုင်း အိမ်ဆောက်ရာတွင် သစ်အသစ်ထက် သစ်အဟောင်းဆိုင်များမှ သစ်ဟောင်းများကိုသာ ဝယ်ယူအသုံးပြုရမှုများကြောင်း သစ်အဟောင်းအရောင်းဆိုင်များထံမှ သိရသည်။လက်ရှိ သစ်ဆိုင်များတွင် ရောင်းချနေသည့် သစ်စျေးနှုန်းများမှာ အင်ကညင် ၁၀ ပေအထက် တစ်တန် (၁၅) သိန်း ၊ ပန်းစုံ ၁၀ ပေအထက် တစ်တန် ၁၂ သိန်းခွဲ ၊ တောင်သရက်အဖြူ / အနီ ၁၀ ပေအထက် တစ်တန် ၁၀ သိန်းခွဲ စ-သည့် စျေးနှုန်းများ ရှိနေကြောင်း သိရသည် ။ယခုလို သစ်ဈေးမြင့်တက်နေသောကြောင့် သစ်အဟောင်းများကို ဝယ်ယူအသုံးပြုနေကြသူများရှိ လာသလို ဈေးပေါသည့် သစ်များကိုလည်း အိမ်ဆောက်သည့်အခါတွင် ဝယ်ယူအသုံးပြုကြသူများ ပိုမိုများ ပြားလာခဲ့ကြောင်း အိမ်ဆောက်ပေးသည့် လက်သမားတစ်ဦးက ဆိုသည်။
သစ်စျေးမြင့်တက်လာခြင်းနှင့်အတူ သစ်ကောင်းပါရှားလာ
Apr 06 • 12:24 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
26 | 0 | 0 | 0 |