back

ငလျင်ပေါင်း ၃၆ ကြိမ်အထိ ဧပြီလငါးရက်တာ၌ ပဲခူးတိုင်းဒေသကြီးအတွင်းလှုပ်သွား

Apr 06 • 12:22 PM

breaking-news

မြန်မာ

ပဲခူး

cover

ငလျင်ပေါင်း ၃၆ ကြိမ်အထိ ဧပြီလငါးရက်တာ၌ ပဲခူးတိုင်းဒေသကြီးအတွင်းလှုပ်သွား

ယခုဧပြီလ ၁ ရက်မှ ၅ ရက်အထိ ကာလအတွင်း မြေငလျင်ပေါင်း ၃၆ ကြိမ်လောက်အထိ ပဲခူးတိုင်းဒေသကြီးအတွင်း လှုပ်သွားကြောင်း မြေငလျင်လှုပ်ရှားမှု အခြေအနေကို အသိပေးဖော်ပြနေသည့်...

ယခုဧပြီလ ၁ ရက်မှ ၅ ရက်အထိ ကာလအတွင်း မြေငလျင်ပေါင်း ၃၆ ကြိမ်လောက်အထိ ပဲခူးတိုင်းဒေသကြီးအတွင်း လှုပ်သွားကြောင်း မြေငလျင်လှုပ်ရှားမှု အခြေအနေကို အသိပေးဖော်ပြနေသည့် Application အချက်အလက်များအရ သိရသည်။ ဧပြီလ ၁ ရက်တွင် ၁၁ ကြိမ်၊ ဧပြီလ ၂ ရက်တွင် ၇ ကြိမ်၊ ဧပြီလ ၃ ရက်တွင် ၅ ကြိမ်၊ ဧပြီလ ၄ ရက်တွင် ၆ ကြိမ်၊ ဧပြီလ ၅ ရက် ည ၆ နာရီ ၂၈ မိနစ်က ပဲခူးတိုင်းဒေသကြီးအတွင်း ထန်းတပင်အနီး ရစ်(ခ်)တာစကေး ၂ ဒသမ ၁ ဖြင့် လှုပ်သွားသည့် ငလျင်အပါအဝင် ၇ ကြိမ် လှုပ်ရှားသွားခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ငါးရက်တာအတွင်း အဆိုပါ ပဲခူးတိုင်းဒေသကြီးတွင် လှုပ်သွားသော ငလျင်များမှာ အနိမ့်ဆုံးအင်အား ရစ်(ခ်)တာစကေး ၂ ဒသမ ၁ မှ အမြင့်ဆုံး ၄ ဒသမ ၁ ဖြင့် အသီးသီးရှိသော ငလျင်များ လှုပ်သွားခဲ့ခြင်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း လှုပ်သွားသော ငလျင်များမှာ ရေတာရှည်နှင့် တောင်ငူကြားတစ်ဝိုက်၊ ကညွတ်ကွင်း ကျောက်ကြီးတစ်ဝိုက်၌ အများဆုံးဖြစ်သည်။ မြေငလျင်ဆိုင်ရာအချက်အလက်များအရ ထူးခြားသော ငလျင်လှုပ်ခတ်မှုအဖြစ် တောင်ငူမြို့အတွင်း ဗဟိုပြုလှုပ်ခဲ့သည့် ငလျင်သုံးကြိမ်ရှိခဲ့သည်။ ထိုငလျင်များမှာ ဧပြီလ ၂ ရက်တွင် နှစ်ကြိမ်နှင့် ဧပြီလ ၃ ရက်တွင် တစ်ကြိမ် ပါဝင်ခဲ့ပြီး တောင်ငူတက္ကသိုလ်အနီး ကျွန်းကုန်းတွင် ဧပြီလ ၂ ရက် နံနက် ၉ နာရီ ၂၉ မိနစ် အချိန်က ၃ ဒသမ ၁ ဖြင့်လည်းကောင်း၊ ည ၁ဝ နာရီ ၁၉ မိနစ် အချိန်က တောင်ငူတက္ကသိုလ်အနီးတွင် ၂ ဒသမ ၅ ဖြင့် လည်းကောင်း၊ ဧပြီလ ၃ရက် နံနက် ၁ဝ နာရီ ၀၂ မိနစ်တွင် တောင်ငူမြို့အတွင်း ၃ ဒသမ ဝ ဖြင့် လည်းကောင်း ဗဟိုပြု လှုပ်ခတ်သွားခြင်းဖြစ်သည်။ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ယင်းနေ့မှ ဧပြီလ ၄ ရက်အထိ သက်ဆိုင်ရာမှထုတ်ပြန်ထားသော စာရင်းများအရ ပဲခူးတိုင်းဒေသကြီးအတွင်း သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရသူ ၂၃၄ ဦးရှိခဲ့ပြီး တောင်ငူမှ ၁၄ ဦးဖြင့် အများဆုံးပါဝင်သလို ရေတာရှည်မှ ဒဏ်ရာရသူ ၈ဝ ဦးဖြင့် အများဆုံးဒဏ်ရာရခဲ့ကြောင်း သိရသည်။ 


news-view-count-icon

10