ပျက်စီးနေမှုကို ပြန်လည် ပြုပြင်ရာမှာ မန္တလေးတိုင်းဒေသကြီးမှာ ၅၈ဒသမ ၃၈ရာခိုင်နှုန်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။အဲဒိ ပျက်စီးယိုယွင်းတာ တွေက ဖြစ်ပေါ်ခဲ့တာ တွေထဲကနေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးလိုင်း တွေနဲ့ ပင်မဓာတ်အားခွဲရုံ ပျက်စီးခဲ့တာ တွေကိုလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၃၄ ဦး၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၄၂၆ ဦး စုစုပေါင်းဝန်ထမ်းအင်အား ၅၆၀ ဦးနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၅၄၅ ဦးတို့နဲ့ လျှပ်ဓာတ်အား အမြန်ဖြန့်ဖြူးနိုင်ရေး စီစဉ်နေဆောင်ရွက်နေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။



