ငလျင်ဒဏ်ခံရသူတွေကို ကူညီဖို့ "နှစ်သိမ့်လက်တွဲ" ဈေးရောင်းပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်နေပြီးဒီဈေးရောင်းပွဲကို ဧပြီလ ၃ ရက်ကနေ ယနေ့ဧပြီလ၆ ရက်နေ့အထိ ရန်ကုန်မြို့ မြေနီကုန်းရှိ ဒဂုံစင်တာမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။ဈေးရောင်းပွဲမှာ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်း အမျိုးမျိုးရောင်းချနေတာကို တွေ့ရပြီးဈေးရောင်းပွဲပြုလုပ်နေတဲ့ Dagon Center Shopping ကတော့ ငလျင်ဒဏ်ခံရသူတွေရဲ့ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ပထမအဆင့်အနေနဲ့ ကျပ်သိန်း ၁၀၀၀၀ (တစ်သောင်း) ကို မတည်လှူဒါန်းထားတယ်လို့ ဈေးပွဲတော်မှာ ဗီနိုင်းတွေကပ်ပြီး ကြေညာထားပါတယ်။
Apr 06 • 9:33 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


