back

ပြည်တွင်းရှိ နိုင်ငံတကာ ဆေးခန်းများတွင် အသေးစားခွဲစိတ်ခန်းများပါဝင်၍ လူနာမည်သူမဆိုတိုက်ရိုက် လာရောက်ပြသနိုင်

Apr 06 • 9:30 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိ နိုင်ငံတကာ ဆေးခန်းများတွင် အသေးစားခွဲစိတ်ခန်းများပါဝင်၍ လူနာမည်သူမဆိုတိုက်ရိုက် လာရောက်ပြသနိုင်

မန္တလေးမြို့ ၊ မန္တလာသီရိ ဘောလုံးကွင်းအတွင်း၌ ယာယီတဲကြီးများဖြင့် လာရောက်ဖွင့်ပေးနေသော နိုင်ငံတကာဆေးခန်းများက သာမန်ကေ့စ် အကုန်လုပ်ပေးနိုင်၊ ကုပေးနိုင်ပြီး လူနာ ...

မန္တလေးမြို့ ၊ မန္တလာသီရိ ဘောလုံးကွင်းအတွင်း၌ ယာယီတဲကြီးများဖြင့် လာရောက်ဖွင့်ပေးနေသော နိုင်ငံတကာဆေးခန်းများက သာမန်ကေ့စ် အကုန်လုပ်ပေးနိုင်၊ ကုပေးနိုင်ပြီး လူနာ လက်ခံနေသည့်အတွက် မည်သူမဆို လာရောက်ပြသနိုင်ကြောင်းသိရပါတယ်။သာမန်ဖြစ်တဲ့ ကျန်းမာရေး ချို့တဲ့မှုလည်း သွားပြလို့ရပြီးအသေးစား ခွဲစိတ်မှုတွေအထိပါ လုပ်ပေးကာ ကြီးကြီးမားမားဖြစ်မှသာ ဆေးရုံကြီးကို လွှဲပေးတာဖြစ်ရာအစ်မယောက္ခမဆို သူတို့ဆီကို အရင်သွားပြတာ၊ သူတို့မနိုင်မှ ဆေးရုံကြီးကို သူတို့ ကိုယ်တိုင်လိုက်ပို့တာ၊ရုရှားက အဖွဲ့တွေ၊ ဆေးရုံကို သူတို့ လိုက်ပို့တာ၊ ဆေးရုံရောက်မှ ဆုံးသွားတာ" ဟု မန္တလေးမြို့မှ ငလျင်ဒဏ်သင့် ပြည်သူတစ်ဦးက ဆိုပါတယ်။စစ်ကိုင်းငလျင်ကြောင့် ဒဏ်ရာရသူအချို့ကိုလည်း မန္တလာသီရိ ဘောလုံးကွင်းထဲရှိ Russia Medical Camp တွင် ကုသပေးနေသလိုထိုဆေးခန်းများတွင် OT အသေးစားပါဝင်သဖြင့် အဆင်ပြေသွားကြောင်း လူနာရှင်အချို့ထံမှသိရသည်။မန္တလေး မြို့တော်ခန်းမရှေ့တွင် ဂျပန် အဖွဲ့၏ အရေးပေါ်ဆေးကုသခန်း၊ လမ်း ၃၀၊ ၇၂ နှင့် ၇၃ တွင် တရုတ်အဖွဲ့၏ ဆေးခန်း ၊ ချမ်းမြသာစည် လေယာဉ်ကွင်း အဟောင်းထဲတွင် အိန္ဒိယအဖွဲ့၏ ဆေးခန်း စသဖြင့် အသီးသီးရှိကြပါတယ်။



news-view-count-icon

16