ဧပြီလ၅ရက်ညက မန္တလေးတွင် မိုးလေပြင်းသဖြင့် ကယ်ဆယ်ရေးစခန်းများရှိ ယာယီတဲအချို့ လွင့်သွားကြလို အချို့လည်း ယိုင်နဲ့ ပျက်စီးကုန်ကြသလိုအဖွဲ့စည်း အသီးသီးက ညတွင်းချင်းလာရောက် ပြုပြင်ပေးသည်များလည်းရှိကာယာယီတဲများဖြင့် နေထိုင်ရသူများအတွက်အိမ်သာ အခက်အခဲရှိပြီး အနံ့ဆိုးများရှိနေကြောင်း မြေပြင်သတင်းများအရ သိရပါတယ်။ညက မိုးရွာလိုက်သဖြင့် ဝမ်းရောဂါကာကွယ်ရေးအတွက် လှုံ့ဆော်နေကြသလိုလှူကြသူအချို့လည်း ရွှေ့ပြောင်းလွယ်သည့် အိမ်သာများကို လှူနေကြပြီး အချို့ သံပန်းဆိုင်များကလည်း ဖြုတ်တပ်လွယ်သည့် ကိုယ်ထည်များပြုလုပ်ပြီး အိမ်သာဆင်နိုင်ရေး ကူညီလုပ်ဆောင်ပေးနေကြပါတယ်။လူထုကလည်း ကျန်းမာရေး အသိဖြင့် အမှိုက်များရှင်းပေးခြင်း၊ သန့်ရှင်းရေး အတွက် ကူညီ နှိုးဆော်ခြင်းများ လုပ်နေကြပါတယ်။
Apr 06 • 8:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


