ပြည်တွင်း၌ငလျင်ဒေသသင့် ပြည်သူများထံသို့ အလှူရှင်များအနေဖြင့် အစားအသောက်များလှူဒါန်းရာတွင် ပြင်ဆင်ချက်ပြုတ်ထားသော အစားအသောက်မျိုးမဟုတ်ဘဲ ကုန်ခြောက်များကိုသာ လှူဒါန်းရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်ထားပါတယ်။အဆိုပါထုတ်ပြန်ထားချက်အရပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များမှ ပြင်ဆင်ချက်ပြုတ်ထားသော အစားအသောက်များအား ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားစဉ် အစာအဆိပ်သင့်မှုကိုဖြစ်ပွားစေသည့် ရောဂါပိုးများ ပေါက်ပွားရှင်သန်နိုင်ခြင်း၊ စားသုံးရန်မသင့်သည့် အခြေအနေများသို့ ရောက်ရှိစေနိုင်ခြင်းနှင့် အဆိုပါ အစားအသောက်များအား စားသောက်မိပါက အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ကာ ငလျင်ဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ရာအလှူရှင်များ အနေဖြင့် အစားအသောက်များ လာရောက်လှူဒါန်းရာတွင် ပြင်ဆင်ချက်ပြုတ်ထားသော အ စားအသောက်များ လှူဒါန်းခြင်းမျိုးမပြုဘဲ စခန်းများတွင် နေထိုင်သူများ ပူပူနွေးနွေးချက်ပြုတ်ကျွေးမွေးနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆတ်သော အသား၊ ငါး စသည်တို့ကို ပေးပို့လှူဒါန်းရန် တိုက်တွန်းထားပါတယ်။
ပြည်တွင်း၌ ငလျင်သင့်ဒေသများအတွက် ပြင်ဆင်ချက်ပြုတ်ထားသော အစားအသောက်မျိုးမဟုတ်ဘဲ ကုန်ခြောက်များကို သာလှူဒါန်းရန် MOHS မှတိုက်တွန်း
Apr 06 • 8:41 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


