back

စစ်ကိုင်း ငလျင်ဘေးသင့်သူတွေကို ကြက်ခြေနီအသင်းက သောက်သုံးရေတွေ ဖြန့်ဝေပေးသွားနိုင်ဖို့စီစဉ်နေ

Apr 06 • 8:11 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်း ငလျင်ဘေးသင့်သူတွေကို ကြက်ခြေနီအသင်းက သောက်သုံးရေတွေ ဖြန့်ဝေပေးသွားနိုင်ဖို့စီစဉ်နေ

စစ်ကိုင်းမြို့ ငလျင်ဘေးသင့်သူတွေ ကို သောက်ရေ၊ သုံးရေ တွေပေးဝေပေးနိုင်ဖို့ အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကစီစဉ်နေတယ်လို့သိရပါတယ်။မြန်မာနိုင်ငံကြက်ခြေနီအသင်း W...

စစ်ကိုင်းမြို့ ငလျင်ဘေးသင့်သူတွေ ကို သောက်ရေ၊ သုံးရေ တွေပေးဝေပေးနိုင်ဖို့ အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကစီစဉ်နေတယ်လို့သိရပါတယ်။မြန်မာနိုင်ငံကြက်ခြေနီအသင်း WASH Team ကနေ ဧရာဝတီမြစ်ရေကနေ ရေရယူပြီး ‌သောက်ရေ ၊ သုံးရေ ပေးဝေနိုင်ဖို့ စီစဉ်နေကာငလျင်နဲ့ပတ်သက်ပြီးထိခိုက်ခံစားရတဲ့လူတွေကိုရေနဲ့ပတ်သက်ပြီးတော့သန့်ရှင်းတဲ့သောက်သုံးရေရရှိဖို့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံကြက်ခြေနီအသင်း ရဲ့ စစ်ကိုင်းမြို့ ငလျင်ဘေးသင့်သူတွေအတွက် သောက်ရေ၊ သုံးရေ တွေ ပေးဝေပေးမှုအစီအစဉ်ကို ဧပြီလ ၇ ရက်မှာ စတင် ဖြန့်ဝေသွားမှာဖြစ်တယ်လို့သိရပါတယ်။ဧရာဝတီမြစ်အတွင်းကရေကို ပန့် နဲ့ မြစ်ကမ်းဘေးရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရေသန့်ထုတ်လုပ်ဖို့ ပြုလုပ်ထားတဲ့ စက်တွေဆီ သယ်ပြီးတော့ ကျောက်ချဥ် အနည်ချတာတွေပြုလုပ်ပြီး ၊ သန့်ရှင်းစိတ်ချရတဲ့ သောက်သုံးရေရရှိတာနဲ့ ငလျင်ဒဏ် ထိခိုက်ခံစားရတဲ့မြို့နယ်တွေကို ရေကားတွေနဲ့ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။



news-view-count-icon

17