တောင်ကိုရီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ယွန်ဆက်ယိုအား သမ္မတရာထူးမှ ဖယ်ရှားရန် စီရင် ချက် ချပြီးနောက် သမ္မတရွေးကောက်ပွဲကို ဇွန်လ ၃ ရက်တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ပြည်တွင်းမီဒီယာများ က ဧပြီလ ၅ ရက်သတင်းများတွင် ဖော်ပြသည်။ ယွန်ဆက်ယိုအား စွပ်စွဲမှုနှင့်ပတ်သက်ပြီး တရားသူကြီး ရှစ်ဦးက တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့်အတွက် တရားဝင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဧပြီလ ၄ ရက် တွင် ဆုံးဖြတ်ခဲ့သည်။ ယွန်ဆက်ယိုးသည် ဒီဇင်ဘာလတွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာခဲ့ခြင်းအပေါ် လွှတ်တော်အမတ်များ က ၎င်းအား အပြစ်ရှိ၊ မရှိ မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Apr 06 • 7:32 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


