ငလျင်ဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံအစိုးရမှပေးပို့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ယမန်နေ့ ဧပြီ ၅ ရက်က တတိယအသုတ်အဖြစ် ထပ်မံရောက်ရှိလာကြောင်း သိရသည်။ အဆိုပါ အကူအညီပစ္စည်းများတင်ဆောင်လာသည့် လေယာဥ်သည် ရန်ကုန်လေဆိပ်သို့ဆိုက်ရောက်ခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
| 22 | 0 | 0 | 0 |


