ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယားရွာမတွင်ငလျင်ဒဏ်ကြောင့် တစ်ရွာလုံးနီးပါး အက်ကြောင်းများ ပေါ်လာပြီး ရေများထပ်မံ ခန်းခြောက်သွားကြောင်း သိရပါတယ်။ မတ်လ(၂၈)ရက်နေ့က ငလျင် လှုပ်ခတ်ခြင်းကြောင့် အင်းလေးဟဲယားရွာမတွင် အက်ကြောင်းများ ဖြစ်ပေါ်ပြီး ရေစီးကြောင်းများ ပြတ်တောက် ရေခန်းခြောက်ကာ သောက်သုံးရေနှင့် သုံးရေအတွက် အခက်ခဲများဖြစ်နေကာ ယခုကာလတွင် ငလျင်ဒဏ်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့သူများသည် နေစရာ၊ စားစရာမရှိသောကြောင့် နေအိမ်ပြန်ဆောက်ရန် ဝါးနှင့်သစ်များ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေလျှက်ရှိသည်ဟု နေအိမ်ပျက်စီးသွားသူ အမျိုးသားတစ်ဦးက ပြောပါတယ်။လက်ရှိအင်းလေးတွင် ငလျင်ဒဏ်ကြောင့် ကျေးရွာ (၂၅)ရွာမှ အဆောက်အုံ (၃၂၅၅)လုံး ပျက်စီးပြီး လူဦးရေ (၁၀၀)ဦးခန့် သေဆုံးကာ ခန့်မှန်းလူဦးရေ (၁၆၀၀၀)နှင့် (၂၀၀၀၀)ကြား ငလျင်ဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ပအိုဝ်းလူငယ်အစည်းရုံး(PYO)မှမတ်လ (၅)ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။



