back

ငလျင်ဘေးကြောင့် ကွယ်လွန်ခဲ့ရသည့် မြန်မာ့လက်ရွေးစင် ဟောင်းဦးစိန်ဝင်းကြီးအား သွားရောက်ဂါရဝပြု ဆုတောင်းခဲ့ပြီးမန္တလေးမြို့ အရိုးကု ဆေးရုံကြီးသို့ ကျပ်သိန်း(၅၀)လှူဒါန်းခဲ့

Apr 06 • 5:51 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ငလျင်ဘေးကြောင့် ကွယ်လွန်ခဲ့ရသည့် မြန်မာ့လက်ရွေးစင် ဟောင်းဦးစိန်ဝင်းကြီးအား သွားရောက်ဂါရဝပြု ဆုတောင်းခဲ့ပြီးမန္တလေးမြို့ အရိုးကု ဆေးရုံကြီးသို့ ကျပ်သိန်း(၅၀)လှူဒါန်းခဲ့

မတ်လ ၂၈ ရက်တွင် ငလျင်ဘေးဒဏ်ကြောင့် အသက်အိုးအိမ် ထိခိုက်ခံစားရသော ပြည်သူများအတွက် အဖွဲ့ချုပ်ဥက္ကဌ၊ နည်းပြများ၊ ကစားသမားဟောင်းများ၊ ဒိုင်လူကြီးများ၊ MFF/MNL ဝန်ထမ...

မတ်လ ၂၈ ရက်တွင် ငလျင်ဘေးဒဏ်ကြောင့် အသက်အိုးအိမ် ထိခိုက်ခံစားရသော ပြည်သူများအတွက် အဖွဲ့ချုပ်ဥက္ကဌ၊ နည်းပြများ၊ ကစားသမားဟောင်းများ၊ ဒိုင်လူကြီးများ၊ MFF/MNL ဝန်ထမ်းများ ပါဝင်သည့် မြန်မာ့ဘောလုံး မိသားစုက ကူညီလှူဒါန်းခြင်းများ သွားရောက်ဆောင်ရွက်လျက် ရှိပြီးယနေ့ ဧပြီလ ၆ ရက် နံနက်ပိုင်းတွင် ငလျင်ဘေးကြောင့် ကွယ်လွန်ခဲ့ရသည့် မြန်မာ့လက်ရွေးစင် ဟောင်းဦးစိန်ဝင်းကြီးအား သွားရောက်ဂါရဝပြု ဆုတောင်းခဲ့ပြီး ကျန်ရစ်သူမိသားစုအား အဖွဲ့ချုပ် ဥက္ကဌနှင့် ဘောလုံးမိသားစုက ကျပ်(၅၅)သိန်း ကူညီခဲ့ရာ မန္တလေးမြို့ အရိုးကု ဆေးရုံကြီးသို့ ကျပ်သိန်း(၅၀)၊ လူနာရှင်တစ်ဦးလျှင် ကျပ်(၅၀,၀၀၀)ဖြင့် လူနာ ၄၉ ဦး တို့အားလှူဒါန်းခဲ့ပါသည်။ မြန်မာ့ ဘောလုံးမိသားစုသည် မန္တလေးမြို့မှ တဆင့် ပျော်ဘွယ်သို့ သွားရောက်၍ လှူဒါန်းခြင်းများဆက်လက် ပြုလုပ်သွားမည်ဖြစ်ပါတယ်။

news-view-count-icon

31