back

မန္တလေး ရွှေဝင်းအဆောင် ပြိုကျမှု ရှစ်ရက်ကြာမှ ရုပ်အလောင်းစတင်ဖော်ရာ အဆောင်ပိုင်ရှင် အပါအဝင် အမျိုးသမီး သုံးဦးရဲ့ ရုပ်အလောင်း ထွက်ပေါ်

Apr 06 • 5:39 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေး ရွှေဝင်းအဆောင် ပြိုကျမှု ရှစ်ရက်ကြာမှ ရုပ်အလောင်းစတင်ဖော်ရာ အဆောင်ပိုင်ရှင် အပါအဝင် အမျိုးသမီး သုံးဦးရဲ့ ရုပ်အလောင်း ထွက်ပေါ်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီး၊ ၃၈လမ်း၊ ၇၂လမ်းနဲ့ ၇၃လမ်းကြားရှိ ခြောက်ထပ်အမြင့် ရွှေဝင်း အမျိုးသမီးအဆောင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး...

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီး၊ ၃၈လမ်း၊ ၇၂လမ်းနဲ့ ၇၃လမ်းကြားရှိ ခြောက်ထပ်အမြင့် ရွှေဝင်း အမျိုးသမီးအဆောင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးရာ အချိန်မီ ကူညီ ကယ်ဆယ်ရေး မလုပ်နိုင်ခဲ့ဘဲ ရှစ်ရက်အကြာ ဧပြီလ ၅ရက်မှသာ စတင်တူးဖော်မှုတွေ ပြုလုပ်နိုင်တယ် လို့ သေဆုံးတဲ့ အဆောင်သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။ငလျင်ဒဏ်ကြောင့် အဆောင်ရဲ့ အောက်ဆုံးထပ်နဲ့ ထပ်ခိုး ပြိုကျကာ ပိတ်မိနေသူတွေ ရှိနေခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးဖို့ လွတ်မြောက်လာတဲ့ အဆောင်သူတွေက အဆောင် တာဝန်ရှိသူတွေကို‌ မတ်လ ၂၈ ရက် ကတည်းက တောင်းဆိုခဲ့ကြပေမဲ့ ကူညီကယ်ဆယ်ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။ခြောက်ထပ်အမြင့်ရှိတဲ့ ရွှေဝင်းအဆောင်မှာ အဆောင်ရဲ့ အပေါ်လေးထပ်မှာ အဆောင်သူတွေ နေထိုင်ကြပြီး အောက်ဆုံးထပ်မှာ ဆိုင်ကယ်၊ ကား ရပ်နားဖို့နဲ့ အောက်ဆုံးထပ်ရဲ့ အပေါ် ထပ်ခိုးမှာ အဆောင်ပိုင်ရှင် နေထိုင်တာ ဖြစ်တာအဲ့ဒီအဆောင်မှာ အဆောင်သူ ၄၀ ကျော် နေထိုင်ပြီး ငချင်လှုပ်ခတ်ချိန် ကား၊ ဆိုင်ကယ် ထားတဲ့ အောက်ဆုံးအထပ်နဲ့ အဆောင်ပိုင်ရှင်နေထိုင်တဲ့ အထပ်ခိုးက ပြိုကျသွားတာ ဖြစ်ပါတယ်။လက်ရှိမှာ အလောင်းပေါ်လာတဲ့ သေဆုံးသူ သုံးဦးထဲက တစ်ဦးဟာ အဆောင်သူ အသက် ၂၄နှစ်အရွယ် အလှအပရေးရာ ဘလော့ဂါ မအိသော်တာ (ခေါ်) ဆိုရာ၊ နောက်တစ်ဦးက အဆောင်ပိုင်ရှင်ရဲ့ အမျိုးသမီးနဲ့ နောက်တစ်ဦးကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။



news-view-count-icon

25