မြန်မာနိုင်ငံတွင်းရှိ ငလျင်ဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံအစိုးရမှပေးပို့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ဟာ ဧပြီလ၅ ရက်က တတိယအသုတ်အဖြစ် ထပ်မံရောက်ရှိလာကြောင်း သိရပါတယ်။အဆိုပါ အကူအညီပစ္စည်းများတင်ဆောင်လာသည့် လေယာဥ်သည် ရန်ကုန်လေဆိပ်သို့ဆိုက်ရောက်ခဲ့ရာ တရုတ်နိုင်ငံအစိုးရမှ တတိယအသုတ်ပေးပို့သည့် အကူအညီပစ္စည်းများတွင် ရေသန့်စက် စနစ်(၁၀၄၈)စုံ၊ ခြင်ထောင်(၁၀,၀၀၀)လုံး၊ အရေးပေါ်ဆေးအိတ်(၁၅,၀၀၀)လုံးနှင့် ရွက်ဖျင်တဲအကြီးစား (၄၀၀)လုံးတို့ပါဝင်ပြီး ငလျင်ဒဏ်သင့်ဒေသများသို့ နေ့ချင်းပို့ဆောင်ပေးခဲ့ကြပါတယ်။
Apr 06 • 4:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


