မြန်မာနိုင်ငံကြက်ခြေနီအသင်းက ငလျင်ဘေးကြောင့် ယာယီရွေ့ပြောင်းနေထိုင်သူများအား မိသားစုပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ (သို့)ရွှေ့ပြောင်းနေထိုင်မှုကြောင့်ဖြစ်စေ၊ မိသားစုများဖြင့်အ ဆက်အသွယ်ပြတ်တောက်သွားသည့်(သို့) ပျောက်ဆုံးသွားသည့် သူများကို ရှာဖွေခြင်း၊ အဆက်အသွယ်ပြန်လည်ရရှိနိုင်အောင်ဆောင်ရွက်ပေးခြင်းနှင့် မိသားစုများပြန်လည်ပေါင်းဆုံနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားပါတယ်။
ပြည်တွင်းငလျင်ဘေးကြောင့် ယာယီရွေ့ပြောင်းနေထိုင်သူများအား မိသားစု ပြန်လည်ဆက်သွယ်ပေးရေး လုပ်ငန်းများစတင် ဆောင်ရွက်ပေးနေ
Apr 06 • 4:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


