back

အစ္စရေး တပ်မတော်က ဂါဇာတွင်ဖြစ်ပျက်ခဲ့သည့် ပစ်ခတ်မှုကိုဝန်ခံလာ

Apr 06 • 3:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

အစ္စရေး တပ်မတော်က ဂါဇာတွင်ဖြစ်ပျက်ခဲ့သည့် ပစ်ခတ်မှုကိုဝန်ခံလာ

အစ္စရေး တပ်မတော်က မတ်လ ၂၃ ရက်နေ့က တောင်ပိုင်း Gaza တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်သား ၁၅ ဦးသေဆုံးခဲ့သောအမှုအပေါ်၌ မိမိတို့၏ စစ်သားများမှ အမှားများ ပြုလုပ်ခဲ့သည်ကို ဝ...

အစ္စရေး တပ်မတော်က မတ်လ ၂၃ ရက်နေ့က တောင်ပိုင်း Gaza တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်သား ၁၅ ဦးသေဆုံးခဲ့သောအမှုအပေါ်၌ မိမိတို့၏ စစ်သားများမှ အမှားများ ပြုလုပ်ခဲ့သည်ကို ဝန်ခံလိုက်သည်။

Palestinian Red Crescent Society (PRCS) ၏ လူနာတင်ယာဉ်များ၊ ကုလသမဂ္ဂယာဉ်တစ်စီးနှင့် Gaza ၏ မီးသတ်ဌာနမှ မီးသတ်ယာဉ်တစ်စီး ပါဝင်သော ကားတစ်စင်းစုသည် Rafah အနီးတွင် ပစ်ခတ်ခံခဲ့ရသည်။

မူလအစ္စရေးဖက်က မီးမရှိဘဲ၊ အရေးပေါ်မီးမောင်းများ မဖွင့်ဘဲ မှောင်မိုက်သောအချိန်တွင် သံသယဖွယ်ဖြစ်သောအနေအထားဖြင့် ချဉ်းကပ်လာသောကြောင့် ပစ်ခတ်ခဲ့သည်ဟုဆိုခဲ့သည်။ ထို့အပြင် ကားလှုပ်ရှားမှုများကို စစ်တပ်နှင့် ကြိုတင်ညှိနှိုင်းခြင်း မရှိကြောင်းလည်းပြောကြားခဲ့သည်။

သို့သော် ပစ်ခတ်ခံရသော ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက မိမိဖုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းအရ ယင်းယာဉ်များသည် မီးမောင်းနှင့်အရေးပေါ်မီးများဖွင့်ထားခြင်းကို မြင်တွေ့နိုင်ပြီး၊ ဒဏ်ရာရသူများကို ကူညီရန် ခေါ်ဆိုမှုတစ်ခုကို ဖြေဆိုနေစဉ် ဖြစ်ခဲ့သ

ည်။

news-view-count-icon

14