back

ရှမ်းပြည်နယ် အင်းလေးကန်ရှိ ကျေးရွာ ၂၈ ရွာမှ၊ အိမ်ခြေ ၂၃၃၈ အိမ်လုံးလုံး ပျက်စီးခဲ့ကြောင်းသိရ

Apr 06 • 2:30 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ် အင်းလေးကန်ရှိ ကျေးရွာ ၂၈ ရွာမှ၊ အိမ်ခြေ ၂၃၃၈ အိမ်လုံးလုံး ပျက်စီးခဲ့ကြောင်းသိရ

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသတွင်အင်းလေးကန်ရှိ ကျေးရွာ ၂၈ ရွာမှ အိမ်ခြေ ၂၃၃၈ အိမ် ပျက်စီးခဲ့ကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့ မှမြေပြင်ကွင်းဆင်း...

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသတွင်အင်းလေးကန်ရှိ ကျေးရွာ ၂၈ ရွာမှ အိမ်ခြေ ၂၃၃၈ အိမ် ပျက်စီးခဲ့ကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့ မှမြေပြင်ကွင်းဆင်း ကောက်ယူချက် စစ်တမ်းတစ်ခုအရ သိရပါတယ်။ငလျင်ဘေးကြောင့် ကနဦး ကောက်ယူမှုအရ အင်းလေးကန် ကျေးရွာပေါင်း ၂၈ ရွာမှ အိမ်ထောင်စုပေါင်း ၅၅၉၁ စု ၊ အိမ်ခြေပေါင်း ၄၄၃၅ အိမ်တွင် လုံး၀ပျက်စီးသွားသော နေအိမ်ပေါင်းအိမ်ခြေ (၂၃၃၈) အိမ်ရှိပြီး၊ တချို့ တဝက်ပျက်စီးမှု (၁၀၄၅) အိမ် ၊ သေဆုံးသူပေါင်း ၉၅ ဦး ၊ ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၁၁၁) ဦး ရှိရာအဆိုပါ အချက်အလက်သည် အင်းလေးကန် ရှိ ရွာများတွင် တစ်ရွာ လျှင် ပျှမ်းမျှ နေအိမ် ငါးအိမ် မှ ဆယ်အိမ် အထိ သွားရောက် မေးမြန်းကာ စာရင်းကောက်ယူထားခြင်း ဖြစ်ကြောင်း ဆိုသည်။အင်းလေးကန် တွင်းရှိ ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းများ ၊ ရှေးဟောင်း ဘုရားဆင်းတုတော် နှင့် စေတီတော်များ၊ ယဉ်ကျေးမှု အမွေအနှစ် များစွာလည်း ထိခိုက်ပျက်စီးမှု ရှိပါတယ်။



news-view-count-icon

16