စစ်ကိုင်းတောင်ရိုးရှိ ရွှေဟင်္သာတိုက်သစ် ဘုန်းတော်ကြီးကျောင်းတွင် ငလျင်ဒဏ်ကြောင့် ဘုန်းကြီးကျောင်းဆောင်ပေါင်း ၃၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး သံဃာတစ်ပါး ၊ ကိုရင်ငါးပါး နှင့် လူပုဂ္ဂုလ် ၁၂ ဦး ၊ စုစုပေါင်း သေဆုံးသူ ၁၈ ဦးရှိခဲ့ကြောင်း သိရှိရသည် ။လက်ရှိတွင် ပြိုကျပျက်စီးခဲ့သည့် ကျောင်းဆောင်များကို ရှင်းလင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး တစ်ထပ်ကျောင်းဆောင်များ ပြန်လည်ဆောက်လုပ်ရန် လျာထားကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည် ။လတ်တလောတွင် သံဃာတော်များနေထိုင်သီတင်းသုံးရန် နေရာအခက်အခဲ မရှိသော်လည်း လေမိုးကျလာပါက အခက်အခဲရှိနိုင်သည်ဟု ဆရာတော်က မိန့်ကြားခဲ့သည် ။



