back

မန္တလေးမှာ ဟောင်ကောင် ကယ်ဆယ်ရေးအဖွဲ့က ငလျင်ကြောင့် ဒဏ်ရာရသူတွေကို ယာယီတဲထိုးကာ လိုက်လံ ဆေးကုပေးနေ၊

Apr 05 • 1:26 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမှာ ဟောင်ကောင် ကယ်ဆယ်ရေးအဖွဲ့က ငလျင်ကြောင့် ဒဏ်ရာရသူတွေကို ယာယီတဲထိုးကာ လိုက်လံ ဆေးကုပေးနေ၊

မန္တလေးမြို့ကို ရောက်ရှိနေတဲ့ ဟောင်ကောင် ကယ်ဆယ်ရေးအဖွဲ့က မြို့တွင်း နေရာတချို့မှာ ယာယီ တဲတွေ ထိုးပြီး ငလျင်ကြောင့် ထိခိုက် ဒဏ်ရာရထားသူတွေကို လိုက်လံ ဆေးဝါး ကုသပ...

မန္တလေးမြို့ကို ရောက်ရှိနေတဲ့ ဟောင်ကောင် ကယ်ဆယ်ရေးအဖွဲ့က မြို့တွင်း နေရာတချို့မှာ ယာယီ တဲတွေ ထိုးပြီး ငလျင်ကြောင့် ထိခိုက် ဒဏ်ရာရထားသူတွေကို လိုက်လံ ဆေးဝါး ကုသပေးနေပါတယ်။ဟောင်ကောင် ဆေးအဖွဲ့ဟာ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ မန္တလေးမြို့ရဲ့ နေရာတွေကို သွားရောက်ကာ ဘာသာပြန်တွေရဲ့ အကူအညီနဲ့ ထိခိုက် ဒဏ်ရာရသူများကို ကုသပေးလျှက် ရှိတယ်လို့ ဆိုပါတယ်။ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရဟာ မြန်မာ့ငလျင်ဘေး ကူညီကယ်ဆယ်ရေး ရန်ပုံငွေ အတွက် ဟောင်ကောင် ဒေါ်လာ သန်း ၃၀ (အမေရိကန်ဒေါ်လာ သုံးသန်းခွဲကျော်) အသုံးပြုမယ်လို့ ထုတ်ပြန်ပြီး အဖွဲ့ဝင် ၅၁ ဦး ပါဝင်တဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့ တစ်ဖွဲ့ကိုလည်း စေလွှတ်ထားပါတယ်။



news-view-count-icon

32