ယနေ့ ဧပြီလ ၅ရက် နေ့မနက်ပိုင်းမှ နေ့လယ် ၂နာရီ ကျော်အထိ တစ်ရက်ထဲ ငလျင်လေးကြိမ်ထိ ထပ်မံလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင် ကြိမ်ရေ၈၀အထိရှိလာကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ယင်းငလျင်ငယ်များမှာ မနက်ပိုင်း၆ နာရီ ၂၉မိနစ်၀၅ စက္ကန့်အချိန်တွင်ပြင်ဦးလွင်မြို့၏ အနောက်မြောက်ဘက် (၁၂) မိုင်ခန့်အကွာတွင် ရစ်(ခ်) တာစကေး ၃ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခုနှင့် မနက် ၁၀ နာရီ ၄၁မိနစ်၃၀စက္ကန့်အချိန်၌ ပင်လောင်းမြို့၏ အနောက်တောင်ဘက် (၁၈) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်) တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခု၊နေ့လယ် ၁၂ နာရီ ၂၀မိနစ်၈ စက္ကန့် အချိန်၌ မတ္တရာမြို့၏ အရှေ့မြောက်ဘက် (၁၇) မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ရစ်(ခ်)တာစကေး၃ ဒသမ ၃အဆင့်ရှိ တစ်ခု၊နေ့လယ် ၁နာရီ ၉မိနစ် ၄၄စက္ကန့် အချိန်၌ဖြူးမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၅) မိုင်ခန့် အကွာတွင် ဗဟိုပြု၍ ရစ်(ခ်)တာစကေး၄ ဒသမ ၁အဆင့်ရှိ တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။



