back

ပြည်တွင်း၌ ငလျင်ဒဏ်သင့်ပြည်သူများအားကူညီထောက်ပံ့ပေးသွားဖို့ အနုပညာရှင်များနှင့် ပဲခူးမြို့ခံဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပွဲ ရံပုံငွေရှာဖွေခြင်းပြုလုပ်

Apr 05 • 8:25 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ ငလျင်ဒဏ်သင့်ပြည်သူများအားကူညီထောက်ပံ့ပေးသွားဖို့ အနုပညာရှင်များနှင့် ပဲခူးမြို့ခံဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပွဲ ရံပုံငွေရှာဖွေခြင်းပြုလုပ်

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ပြည်ထောင်စုနယ်မြေတို့တွင် အင်အားပြင်းထန်သောငလျင်ဒဏ်ခံစားခဲ့ရသော တိုင်းရင်းသားညီအစ်ကို မောင်နှမအတွက် ကူညီထောက်ပံ့လှူဒါန်...

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ပြည်ထောင်စုနယ်မြေတို့တွင် အင်အားပြင်းထန်သောငလျင်ဒဏ်ခံစားခဲ့ရသော တိုင်းရင်းသားညီအစ်ကို မောင်နှမအတွက် ကူညီထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် ပဲခူးမြို့အတွက်ဝါသနာရှင်များစုဖွဲ့ထားသော Bago Old Starအသင်းတို့သည် ဧပြီလ ၇ ရက်နေ့တွင် ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ကွင်း၌ ချစ်ကြည်ရေး ရံပုံငွေ ရရှိရန်အတွက် ဘောလုံးပွဲယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး လာရောက်ကြည့်ရှုအားပေးသူ ပြည်သူများအား ကွင်းဝင်ကြေး ငါးထောင်ကျပ်အား သတ်မှတ်ထားကာ

အဆိုပါဘောလုံးပြိုင်ပွဲတွင် ကျင်းပမည့်အစီအစဉ်များ အနေဖြင့် ဧပြီ ၇ ရက်နေ့ညနေ (၃:၀၀ မှ ၄:၃၀)နာရီအထိပရိသတ်များ နှင့် အနုပညာရှင်များ တွေ့ဆုံမိတ်ဆက်ခြင်း၊ ညနေ (၄:၃၀ မှ၆:၃၀)အချိန်တွင် အနုပညာရှင်များအသင်း နှင့် Bago Old Starအသင်း ဘောလုံးကစားခြင်း ပါဝင်မည့်အနုပညာရှင်များအနေဖြင့် သူထူးစံ၊ ဘုန်းလျှံ၊ ထွန်းထွန်း ၊ဟဲဗီးဖြိုး၊ မိုးယံဇွန် ၊ ပိစိကွေး ၊ကျော်ကျော်၊ ချာလီ၊ မာန်ဟိန်း ၊အောင်လေး ၊နေဒွေး ၊ကောင်းစစ်သွေးနှင့် အနုပညာရှင်ပေါင်းများစွာပါဝင်ပြီး မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းအောင်အောင်ဦး ၊ ကြည်လင်း၊ ဖြိုးမောင်မောင်ကျော် ၊တင့်နိုင်ထွန်းသိန်း ကစားသမားပေါင်းများစွာတို့ပါဝင်ကြမည်ဖြစ်ကြပါတယ်။


news-view-count-icon

15