ပြည်တွင်းရှိ ငလျင်ဘေးသင့်ကလေးလူနာနဲ့အခြားလူနာများကို မြန်မာအရိုး အထူးကုနှင့်နိုင်ငံကာဆေးအဖွဲ့တို့ ခွဲစိတ်ကုသပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ဧပြီလ(၄) ရက်မှာ ရုရှားဖက်ဒရယ်ရှင်းနိုင်ငံမှ ဆေးအဖွဲ့ဟာ မြန်မာနိုင်ငံမှ အရိုးအထူးကုဆရာဝန်ကြီးတွေနဲ့ ပူးပေါင်းပြီး ငလျင်ဘေးသင့် ကလေး လူနာ(၃)ဦးကိုခွဲစိတ်ကုသပေးခဲ့ပြီးဘင်္ဂလားဒေရှ့်နိုင်ငံမှ ဆေးအဖွဲ့ဟာ မြန်မာနိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ပူးပေါင်းပြီး လူနာ(၃)ဦးကိုလည်းကောင်း၊ စုစုပေါင်း လူနာ(၆)ဦးကိုလယ်ဝေးမြို့နယ် ခုတင် (၁၀၀) ဆေးရုံတွင် ခွဲစိတ်ကုသမှုပေးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှ ဆေးအဖွဲ့ကလည်း အဆိုပါဆေးရုံမှာ ငလျင်ဘေးသင့် လူနာများအား ဆေးကုသမှု ပေးခဲ့တယ်လို့ သိရပါတယ်။


