အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။ငလျင်လှုပ်ခတ်ပြီးစက စတင်ကာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံသည် မန္တလေးတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူများအတွက် အရေးပေါ်ယာယီတဲများ၊ အစားအစာ၊ ဆေးကုသမှုနှင့် သန့်ရှင်းသော သောက်သုံးရေများ ထောက်ပံ့ပေးရန် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီကို အမေရိကန်ဒေါ်လာ (၂) သန်း ကနဦး ပေးထားပြီး ယခုနောက်ထပ် (၇) သန်း တိုးမြှင့် ကူညီပေးခြင်း ဖြစ်ပါတယ်။



