back

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့ ၃၆ လမ်း၊ (၇၉×၈၀)လမ်းကြားရှိTULIP တည်းခိုခန်းအဆောက်အဦးပြိုကျမှုကြောင့် သေဆုံးသူ၂ဦးထပ်မံတွေ့ရှိ

Apr 05 • 4:54 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့ ၃၆ လမ်း၊ (၇၉×၈၀)လမ်းကြားရှိTULIP တည်းခိုခန်းအဆောက်အဦးပြိုကျမှုကြောင့် သေဆုံးသူ၂ဦးထပ်မံတွေ့ရှိ

၅.၄.၂၀၂၅ ရက်ယနေ့တွင်အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့ ၃၆ လမ်း၊ (၇၉×၈၀)လမ်းကြားရှိ TULIP တည်းခိုခန်းအဆောက်အဦးပြိုကျပျက်စီး၍ ပိတ်မိနေသူများအား မီ...

၅.၄.၂၀၂၅ ရက်ယနေ့တွင်အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့ ၃၆ လမ်း၊ (၇၉×၈၀)လမ်းကြားရှိ TULIP တည်းခိုခန်းအဆောက်အဦးပြိုကျပျက်စီး၍ ပိတ်မိနေသူများအား မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၀၉ နာရီ၃၁ မိနစ် အချိန်တွင် မ(၁)ဦးရုပ်အလောင်းနှင့် ၀၉ နာရီ၃၅ မိနစ်အချိန်တွင် ကျား(၁)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။



news-view-count-icon

17