back

ငလျင်ဒဏ်သင့်ဒေသတွေရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး တသိန်းခုနှစ်သောင်းကျော် ကျန်းမားရေး စောင့်ရှောက်မှုလိုအပ်နေကြောင်း UNFPA သတိပေး

Apr 05 • 2:50 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ငလျင်ဒဏ်သင့်ဒေသတွေရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး တသိန်းခုနှစ်သောင်းကျော် ကျန်းမားရေး စောင့်ရှောက်မှုလိုအပ်နေကြောင်း UNFPA သတိပေး

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ဒေသတွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးပေါင်း ၁၇၃,၈၅၅ ယောက် အရေးပေါ်...

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ဒေသတွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးပေါင်း ၁၇၃,၈၅၅ ယောက် အရေးပေါ် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က သတိပေးလိုက်ပါတယ်။စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ကျန်းမာရေးဆေးခန်း ဆေးရုံတွေအပါအဝင် အခြေခံအဆောက်အအုံတွေ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ဆေးဝါး၊ ရေသန့်၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေအပါအဝင် အခြားအရေးပေါ်ပစ္စည်းတွေ လိုအပ်နေပါတယ်။ငလျင်ဒဏ်သင့် အမျိုးသမီးတွေကို ကူညီဖို့ နဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြေရှင်းဖို့အတွက် အဖွဲ့၏ အရေးပေါ်ရန်ပုံငွေမှ ဒေါ်လာငါးသိန်း ခွဲဝေချထားပြီး တုံ့ပြန်ရေးအဖွဲ့ဟာ မန္တလေးမှာ မြေပြင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မရှိမဖြစ်လိုအပ်တဲ့ တကိုယ်ရေးသုံးပစ္စည်းတွေ၊ ကလေးမွေးဖွားမှုဆိုင်ရာ ပစ္စည်းတွေ၊ အရေးပေါ်ဆေးဝါးတွေကို ဖြန့်ဝေနေပါတယ်။



news-view-count-icon

17