back

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့က လူငယ်နှစ်ဦး သင်တန်းသွားတဲ့လမ်းမှာ ဓါးထောက်လုယက်ခံရမှုဖြစ်ပွား

Apr 05 • 2:46 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့က လူငယ်နှစ်ဦး သင်တန်းသွားတဲ့လမ်းမှာ ဓါးထောက်လုယက်ခံရမှုဖြစ်ပွား

ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရာဒါ‌ (A) ဆိပ်ခွန်ကျောင်းလမ်းမှာ လူငယ်နှစ်ယောက် သင်တန်းသွားနေစဉ် ဓါးထောက်ခံရ...

ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရာဒါ‌ (A) ဆိပ်ခွန်ကျောင်းလမ်းမှာ လူငယ်နှစ်ယောက် သင်တန်းသွားနေစဉ် ဓါးထောက်ခံရပြီး ဆိုင်ကယ်နဲ့ ဖုန်း‌တွေ လုယက်ခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။အဆိုပါ ဓါးပြတိုက်လုယက်သူတွေဟာ ဆယ်ကျော်သက်အရွယ်တွေဖြစ်ပြီး၊ 125 ဆိုင်ကယ်တစ်စီးမှာ သုံးယောက်စီးပြီး ဓါးထောက်လုယက်ခဲ့ကြတာဖြစ်ရာ"ဘက်ထရီ ဆိုင်ကယ် အနက်၊ ဖုန်းနဲ့ music စာရွက် ဖိုင်ပါသွားတယ်။ ကလေးတွေတော့ ဘာမှမဖြစ်ဘူး"လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။လုယက်သွားတဲ့ ဆိုင်ကယ်ဟာ ဘက်ထရီဆိုင်ကယ် YADEA RS အမျိုးအစား၊ No. 20250216 ဖြစ်ပြီး ဝယ်ထားတာမကြာသေးပဲ အသစ်ဖြစ်ပါတယ်။


news-view-count-icon

14