မတ် ၂၈ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ပြင်းအား ၇ . ၇ ရှိ ငလျင် ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်လည်း ငလျင်ဒဏ် ပြင်းထန်သက်ရောက် မှုရှိခဲ့ရာ ဧပြီ ၃ ရက်နေ့တွင် မယ်ဟောင်ဆောင်ခရိုင်၊ မယ့်စရင်းခရိုင်ခွဲ ခွန်ယူအမ် ရွာ စိုက်ပျိုးခင်းများ၌ တွင်းနက်ကြီးများ ရုတ်တရက် ပေါ်ပေါက်လာကြောင်း သိရသည်။



