ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မူလက ကျင်းပရန် စီစဉ်ထားသည့် သင်္ကြန် မကျင်းပဖြစ်တော့ကြောင်း ကြားသိရသည်။လမ်းလျှောက်သင်္ကြန် နှင့် ဖျော်ဖြေရေး ဗဟိုမဏ္ဍပ် တို့ တည်ဆောက်ပြီးစီးကာ ပြန်လည်ဖြုတ်သိမ်းမှု များလည်း ရှိကြောင်း ၊ သင်္ကြန်ယိမ်း ဝတ်စုံများကို ဆက်မချုပ်တော့ဘဲ ရပ်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရင်းမြစ် ထံမှ ကြား သိရသည်။တောင်ကြီးမြို့ ၊ ယခင်အစိုးရ ရုံးဟောင်းရှေ့ ၊ သမိုင်းဝင် အဆောက်အအုံ ရှေ့နားတွင် ဗဟို မဏ္ဍပ် ကို ပြင်ဆင်ထားပြီး လုပ်ငန်း ဆက်မလုပ်ဘဲ ပြန်လည် ဖြုတ်သိမ်းရန် ပြင်ဆင်နေသည်ကို မွန်းလွဲပိုင်း အချိန်တွင် မြင်တွေ့ ရပါသည်။



