၄.၄.၂၀၂၅ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော မြင်းဘက်ရပ်ကွက်ရှိ ဝေဇယန္တာဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ (၁၆၀၀)ဂါလန်၊ မြိုမဗလီသို့ သောက်သုံးရေ (၁၆၀၀)ဂါလန်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်ရှိ မြသိန်းတန်ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ (၁၆၀၀)ဂါလန်၊ မြင်ဘက်ရပ် တောင်ဘက်ခြမ်းသို သောက်သုံးရေ (၁၆၀၀)ဂါလန်၊ ရှမ်းပွဲရပ်ကွက်ရှိ ဘိုးဘွားရိပ်သာသို့ သောက်သုံးရေ (၁၆၀၀)ဂါလန်း၊ ရွှေပြည်ရန်လုံရပ်ကွက်ရှိ (အ.ထ.က-ခွဲ) အောင်သာသို့ သောက်သုံးရေ (၁၆၀၀)ဂါလန်၊ မြိုလည်ဗလီသို့ သောက်သုံးရေ (၁၆၀၀)ဂါလန်၊ ဘုံပျံ သီလရှင်ကျောင်းတိုက်သို့ သောက်သုံးရေ (၁၆၀၀)ဂါလန်၊ ပျော်ဘွယ်မြို့နယ်၊ ညောင်နွယ်ကျေးရွာသို့ သောက်သုံးရေ (၁၆၀၀)ဂါလန် စုစုပေါင်း သောက်သုံးရေ(၁၄၄၀၀)ဂါလန်အား ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါသည်။



